DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 9, 2009

ကျွန်တော်တို့ မြန်မာပြည်ပြန်ချင်ပါသည်။တိုင်းတပါးတွင်မပျော်ပါ(ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူကိုနေ၀င်း(NLD)နှင့်အင်တာဗျူး

အသစ်တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် ဟာတိုးရာမ ဟာမြန်မာနိုင်ငံဒီမိုကရေစီအရေးကိုစိတ်ဝင်စားပါတယ်၊မြန်မာနိုင်ငံကိုယခင်ကလိုဗမာနိုင်ငံလို့ ကမ္ဘာကပြန်ခေါ်လာအောင်ထိလုပ်ပေးမယ်လို့ ပြောခဲ့သော်လည်း ယခုအချိန်ထိ မြန်မာနိုင်ငံအတွက်ထိရောက်တဲ့ကူညီမှုတွေမလုပ်ပေးနိုင်သေးပါဘူး။ဒါ့အပြင်မြန်မာဒီမိုကရေစီ
ရဲ့ ဆန့် ကျင်ဘက် လက်ရှိအာဏာလုယက်ထားသူ စစ်တပ်အစိုးရနှင့် ပူးပေါင်းသင့်မြတ်
တယ်လို့ ယူဆရ တဲ့ ဆွေးနွေးပွဲတွေလုပ်နေပါတယ်။ပထမအကြိမ် ကြံ့ ဖွံ့ ဥက္ကဌ ဗိုလ်ချုပ်
ဌေးဦးလာပြီးချိန်မှ ယခုအချိန်အထိ မြန်မာဒီမိုကရေစီလှုပ်ရှားသူအမြောက်အများကို ဗီဇာများသက်တမ်းတိုးမပေးခြင်း၊သက်တမ်းလာတိုးတဲ့သူများကိုဖမ်းဆီးခြင်း အမိနိုင်ငံသို့
အမြန်ဆုံးပြန်ကြရန် ဖိအားပေးခြင်းများလုပ်လာပါတယ်။ယခုလဲ (NLD) အဖွဲ့ ဝင်တစ်ဦး
ဖြစ်သူ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ ကိုနေ၀င်းနှင့် သူ့ မိသားစုရဲ့ နိုင်ငံရေးခိုလှုံခွင့်
ဗီဇာကို အယုံကြည်မရှိပယ်ချလိုက်ပါတယ်။ဇနီးဖြစ်သူမှာလဲ ဂျပန်လ၀က အကျဉ်းထောင်
အတွင်းဖမ်းဆီးချုပ်နှောင်ထားခြင်းကိုခံရပါတယ်။ဒါကြောင့်နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှ အ
ခြေအနေအကြောင်းကြောင်းကြောင့်မနေချင်ပါပဲနေရ၊စားဝတ်နေရေး ဒုက္ခ များကြုံတွေ့ နေသူ ကိုနေ၀င်းရဲ့ ခံစားချက်လေးများကို အခုလိုတွေ့ ဆုံမှတ်သားခဲ့ရပါတယ်
ကိုနေ၀င်း။။။။။ ကျွန်တော်နာမည်ကိုနေ၀င်းပါ။မြန်မာနိုင်ငံမှာနေစဉ်ကယင်းမာတေးသံ
သွင်းလုပ်ငန်းကို အကိုဖြစ်သူနဲ့ ခင်မင်သူများနှင့် ရှယ်ယာလုပ်ကိုင်ပါတယ်။နောက်အကို
ဖြစ်သူနဲ့ ရှယ်ယာခွဲပြီးနောက် မိမိကိုယ်တိုင်မီဒီယာလုပ်ငန်းများစွာလုပ်ကိုင်ခဲ့ပါတယ်။အဲ
ဒီလိုလုပ်ကိုင်ရာမှာ စစ်တပ်အစိုးရရဲ့ အမျိုးမျိုး သောလက်ဝါးကြီးအုပ်မှု ခေါင်းပုံဖြတ်မှု
များကိုခံခဲ့ရပါတယ်။
အဲဒီအထဲမှာတော့ မီဒီယာတွေရဲ့ အမြဲတမ်းတွေ့ ကြုံလေ့ရှိတဲ့ ဆင်ဆာ ချုပ်ကိုင်မှုပါပဲ။

မိမိတို့ လုပ်ကိုင်သမျှကြော်ငြာ အစရှိတဲ့ မီဒီယာလုပ်ငန်းတွေမှာ ဆင်
ဆာက အများဆုံး နှိပ်စက်ဒုက္ခ ပေးခဲ့တာပါပဲ။နောက် ကျွန်တော်တို့ ကုမ္မဏီ ကနိုင်ငံခြား
အဆက်အသွယ်နှင့် စီးကရက် ကိုယ်စားလှယ်ရပြန်တော့လဲ အောင်မြင်လာချိန်ကျမှ စီး
ကရက်တင်သွင်းခွင့်ပိတ်ပင်လိုက်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ ကုမ္မဏီ မှငွေကျေး
သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။နောက် ကျွန်တော်တို့ ကုမ္မဏီ မှ စီးပွားရေးလုပ်ငန်း
ရှင်များ နှင့်သူတို့ ရဲ့ လျှို့ ဝှက်ချက်များကို အင်တာဗျူးလုပ်ပြီး hotline အမည်ရ ဗီဒီယို
အခွေကို ဖြန့် ချိဖို့ စီစဉ်ခဲ့ပါတယ်။သို့ ရာတွင်ထုတ်လုပ်ရေးလုပ်ငန်းများ အားလုံးပြီစီးသွား
ချိန်ကျမှ ဖြန့် ချိခွင့်ကို အကြောင်းပြချက်မဲ့ စွာပိတ်ပင်လိုက်ပါတယ်။နောက်ဆုံးကျွန်တော်
တို့ လုပ်ငန်းဟာ စီးပွားရေးချွတ်ခြုံကျပြီး ပိတ်ပင်လိုက်ရတဲ့အခြေစိုက်ခဲ့ပါတယ်။ကျွန်
တော်လည်းလုပ်ငန်းရှင်ဘ၀မှ တက္ကစီကားမောင်းသမားဘ၀ကို အလိုလိုရောက်သွားပါ
တော့တယ်။ဒါက စီးပွားရေး လူမှုရေး ခေါင်းပုံဖြတ်မှုတွေပါ။အဲဒီလို ခံစားချက်တွေ ရင်ထဲ
သိုသိပ်ခဲ့ရတဲ့ ကျွန်တော်ဟာ ၂၀၀၇ စက်တင်ဘာအရေးအခင်းကြိုကာလများမှာ ဒီမိုက
ရေစီဝါဒဖြန့် ချိရေးလုပ်ငန်းတွေကို ကျွန်တော်မိတ်ဆွေ နိုင်ငံရေးသမားများနှင့်ပူးပေါင်းကာ
တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံလုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရေးသမားများအတွက်ကျွန်
တော်မောင်းတဲ့ကားကိုလည်းအချိန်ပြည့်သုံးနိုင်ဖို့ ကူညီခဲ့ပါတယ်။ဒီလိုနဲ့ ပျက်သတက်
ပျက် လာတဲ့မြန်မာနိုင်ငံရေးအခြေ အနေကြားစားဝတ်နေရေး အပြင် လူမှုရေးချိုးဖောက်မှု
များဒဏ်မခံနိုင်တော့တဲ့အတွက် ကျွန်တော့်သူငယ်ချင်းတစ်ယောက်အကူအညီနဲ့ ဂျပန်ကို
ထွက်ခဲ့ပါတယ်။ကျွန်တော် ရောက်တဲ့နေ့ မှာပဲနိုင်ငံရေးခိုလှုံခွင့် သွားလျှောက်ခဲ့ပါတယ်။
ရောက်ရောက်ချင်းဗျာ၊ဒုက္ခရောက်လိုက်တာ၊နိုင်ငံရေးခိုလှုံခွင့် လျှောက်ပြီး ၆လအတွင်း
အလုပ်လုပ်ခွင့် မရှိတဲ့အတွက်ဘယ်အလုပ်ကမှမခန့် ကြပါဘူး။ဒါကြောင့် ရောက်ပြီး ၂လ
လောက်အတွင်း ဘာအလုပ်မှမရှိဘဲ ကျွန်တော်အငတ်ငတ်အပြတ်ပြတ်နဲ့ ဟိုလူ့ ဆီပိုက်
ဆံချေးဒီလူ့ ဆီပိုက်ဆံချေးနဲ့ အသက်ဆက်ခဲ့ရပါတယ်။နောက်တော့ကျွန်တော်အလုပ်ရ
ပါတယ်။အလုပ်လုပ်ပြီး၃လလောက်ကြာတော့ဆိုင်က ကျွန်တော့ကိုအလုပ်လုပ်ခွင့်စာ
ရွက်ရမှပြန်လာပါဆိုပြီးအလုပ်ကထုတ်လိုက်ပါတယ်။ဒါကြောင့်၆ လပြည့်လို့ အလုပ်လုပ်
ခွင့်ပြန်ရတော့မှ ကျွန်တော် အလုပ်ပြန်ရပါတယ်။ထို့ နောက်ကျွန်တော် ရင်ထဲမွမ်းကျပ်
ခဲ့ရတဲ့ နိုင်ငံရေးမကျေနပ်ချက်ကိုရှင်းဖို့  NLD အဖွဲ့ ချုပ်အဖွဲ့ ဝင်အဖြစ်ဝင်ခဲ့ပါတယ်။ NLD
ရဲ့ စစ်အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှုတွေမှာတက်အားသရွေ့ ပါဝင်ခဲ့ပါတယ်။နောက် မ
တည်ငြိမ်တဲ့မြန်မာနိုင်ငံရေး အခြေအနေကြောင့် မိန်းမနှင့်သားနှစ်ယောက်ကို ခေါ်ခဲ့ပါ
တယ်။သူတို့ ကိုခေါ်တဲ့အတွက် ဂျပန်ယန်းသောင်း၃၀၀လောက်အကြွေးတင်သွားပါတယ်။
သားတွေကအခုကျောင်းတက်နေပါတယ်။ဂျပန်ရဲ့ နေစားရိတ်စားစရိတ်ဟာကျွန်တော်
တစ်ယောက်ထဲနှင့် ဘယ်လိုမှမလောက်ဖူးဆိုတာ ဂျပန်ရောက်ဖူးသူတွေ ဂျပန်အကြောင်း
ကြားဖူးသူတွေသိကြမှာပါ။ဒါကြောင့်မိန်းမကို ကျွန်တော်လုပ်တဲ့ဟော်တယ်အလုပ်မှာ
သန့် ရှင်းရေးဝင်လုပ်ခိုင်းရပါတယ်။ဒီလိုနဲ့ နေထိုင်စားသောက်ရေးအဆင်ပြေမယ်ကြံခါနီး
မိန်းမကို ဂျပန်လ၀က က work visa အမှု ( ဗီဇာတွင်းမှအလုပ်နှင့်လက်ရှိအလုပ်ကွဲပြားမှု
)နှင့်ဖမ်းသွားပါတယ်။အမျိုးသမီးနာမည်က ဥမ္မာမြင့်ပါ။

အခု ၃လ ရှိပါပြီ။ ကျွန်တော့်ကိုလည်းနိုင်ငံရေးခိုလှုံခွင့်ပယ်ချခဲ့ပါတယ်။လ၀က ရဲံအဆိုအရ ကျွန်တော်တို့ ကပိုက်ဆံလာရှာတာ နိုင်ငံရေးလာလုပ်တာမ
ဟုတ်ပါဘူးလို့ ပြောပါတယ်။ ကျွန်တော်ဟာမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ခဲ့တဲ့သူပါ။ နိုင်ငံ
ရပ်ခြားမှာ မြန်မာဆိုတာနဲ့ အနှိမ်ခံရပါတယ်။အလုပ်အကိုင် ရှားပါးပါတယ်။ဘယ်လိုမှမနေ
ချင်ပါ။မတတ်သာလို့ သာနေရတာပါ။ အကယ်လို့ များ မြန်မာနိုင်ငံစစ်မှန်တဲ့ ဒီမိုကရေစီ
ရမယ်ဆို ဘယ်သူမှပြန်ခိုင်းစရာမလိုပါ။ပြန်မှာပါ။ကျွန်တော့်လိုပဲ ဒီမှာရောက်နေတဲ့ မြန်မာ
နိုင်ငံသားတွေလဲအတူတူပဲလို့ ထင်ပါတယ်။။။။။
လို့ ရင်တွင်းခံစားချက်များကို dream angel သို့ ရင်ဖွင့်သွားခဲ့ပါတယ်။အခုဆို ဂျပန်လ၀ကအတွင်း အဖမ်းဆီးခံမြန်မာမိသားစုများ တစ်နေ့ တစ်ခြားတိုး ပွားနေပါတယ်။
ဒါကြောင့်မြန်မာ့ဒီမိုကရေစီရေးကို စိတ်ဝင်စားသော မစ္စတာ ဟာတိုးယာမ အစိုးအရဟာ
မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ကိုစိတ်ဝင်စားသလား၊ ဆုတ်ယုတ်ရေးကို စိတ်ဝင်စားသ
လားဆိုတာကို လည်းကမ္ဘာအရပ်ရပ်မှ စိတ်ဝင်စားလျှက်ရှိတယ်လို့ သိရပါတယ်။





ကျေးဇူးတင်လျှက်....
.........

.........

Read More...

Friday, October 30, 2009

ပြည်သူ့ မိခင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတန်းစာ


ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ

ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။

ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။

တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။

ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။

အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။

ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။

ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။

အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။

ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။

အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။

ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။

ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။

မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)

Read More...

Saturday, October 3, 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်ဂုဏ်ပြုသီချင်းဆိုတဲ့ထိုင်းအဆိုတော်

.........
http://www.youtube.com/watcဒေါ်စုအတွက်ဂုဏ်ပြုသီချင်းဒီမှာနှိပ်ပါh?v=ue8OdTXqjDI
.........

Read More...

Friday, September 18, 2009

သီးလေးသီးအဖွဲ့ ရဲ့ ဇာတ်လမ်းတိုများ


.........

.........
မြန်မာပြည်သူများဘက်မှ ရပ်တည်ပြီး စစ်အစိုးရကို ထက်မြက်ထိရောက်သောပျက်လုံးများနှင့်ထိုးနှက်ခဲ့
တဲ့ ပြည်သူအချစ်တော်သီးလေးသီးအငြိမ့်အဖွဲ့ ဟာနိုင်ငံတစ်ကာကိုလှည့်လည်ဖျော်ဖြေနေဆဲဖြစ်ပါတယ်။သူတို့ ဟာအမိနိုင်ငံကိုပြန်ရောက်သွားရင်ဖမ်းဆီးခံရမှာအသေအချာပါပဲ။ယခုသူတို့ အဖွဲ့ ရဲ့ပင်မခေါင်းဆောင်ဖြစ်တဲ့ သရုပ်ဆောင်ဇာဂနာကိုအင်တာနက်ပုဒ်မတွေတပ်ပြီးထောင်ဒဏ် ၄၅ နှစ်ချမှတ်ချမှတ်ခံရပါတယ်။နောက်တိုးအမှုတွေနဲ့ လည်းရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။အခုတင်ပေးထားတဲ့link ကတော့သီးလေးသီးအဖွဲ့ ရဲ့ ဇာတ်လမ်းတိုလေးတွေပါ။စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲမဲဆွယ်ပုံကိုသရော်ပြီးရိုက်ထားတဲ့ဇာတ်လမ်းတိုလေးတွေပါ။သီးလေးသီးအဖွဲ့ ဇာတ်လမ်းတိုများကိုကြည့်ရန်ဒီနေရာတွင်နှိပ်ပါ

Read More...

Friday, August 21, 2009

ပြည်သူ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချမှတ်

......... ......... ပြည်သူ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချမှတ် ခြင်းကို စစ်အစိုးရရဲ့ လက်အောက်ခံ မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်ခဲ့တာပါ။သူတို့ အပြောအရတော့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာကြောင့်သက်ညှာစွာစဉ်းစားပေးပါတယ်တဲ့။ဒါပေမဲ့ စစ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေကို ထမင်းမစားဘဲ မြက်စားပြီးအသက်ရှင်နေတဲ့သူ တွေလို့ များထင်နေလို့ ဒီလိုကြေငြာချက်မျိုးကိုအရှက်မရှိထုတ်ပြန်ခဲ့တာပါ။
video

Read More...

Monday, August 17, 2009

အဖြူရောင်လှုပ်ရှားမှု စတင်

RFA - 2009-08-15

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီး အပြစ်ပေးတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေ ဦးဆောင်ပြီး အဖြူရောင်လှုပ်ရှားမှုကို စတင် လှုပ်ရှားနေပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့ က လူငယ်တွေဟာ ဆိုင်ကယ် အစီး ၂ဝ လောက်နဲ့ အဖြူရောင်တွေ ဝတ်ဆင်လှုပ်ရှားခဲ့ပုံကို လှုပ်ရှားမှု မှာ ပါဝင်တဲ့ လူငယ်တဦးက အာအက်ဖ်အေကို ပြောပြပါတယ်။

လူငယ်တဦး။ ။'ဦးထုပ်အဖြူကို ခေါင်းမှာဆောင်းထားတယ် နောက်တခါ အင်္ကျီကိုလည်း အဖြူဝတ်တယ်။ အဲလိုဝတ်ထားတဲ့ အယောက် ၂ဝ ကျော်ကနေ ဆိုင်ကယ်နဲ့ မြို့ထဲကို ပတ်တယ်။ ပတ်ပြီးတော့ ကျနော်တို့က ဗောဓိတထောင်မှာသွားပြီး ဝတ်ြပု ဆုတောင်းပွဲလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ပါစေ ဆိုတဲ့ ဆုတောင်းမှုမျိုးကို ကျနော်တို့ လုပ်ပါတယ် ခင်ဗျ။ ကျနော်တို့ ယုံကြည်ချက် ကတော့ နိုင်ငံရေးဆိုတာ နိုးကြားတက်ကြွ နေရမှာဖြစ်တဲ့အတွက် ကျနော်တို့က နိုင်ငံရေး အသွင်သဏ္ဍာန်ကို ဥပဒေ ဘောင် အတွင်းကနေ လှုပ်ရှားနေခြင်း ဖြစ်ပါတယ်'

မကွေးတိုင်း ရေနံချောင်းမြို့က အန်အယ်လ်ဒီပါတီဝင်တွေ အားလုံးနီးပါးကလည်း အဖြူရောင်တွေ ဝတ်ပြီး လူစည်ကားတဲ့ နေရာတွေမှာသွားပြီး လူထုကိုပါ စည်းရုံးခဲ့ပုံကို စည်းအဖွဲ့ဝင် ဦးသန်းအောင်က ပြောပြပါတယ်။

ဦးသန်းအောင်။ ။'အကုန်လုံးကတော့ ကျနော်တို့ အဖြူရောင်တွေ ဝတ်ကြတယ်ပေါ့ဗျာ၊ ဆိုင်ကယ်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို သွားတာရှိတယ်၊ တချို့ ဈေးထဲသွားတာရှိတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတို့ စိတ်ဝင်တစား မေးကြတာ ရှိတယ်။ ကျနော်တို့ပြောပြတော့ သူတို့လည်း နောက်နေ့တွေ ဝတ်ပါ့မယ် ပြောကြတာတွေလည်း ရှိတယ်။ စိတ်ဝင်စားကြပါတယ်၊ ဒါက ဘာမှလည်း ဘေးအန္တရာယ် ရှိနိုင်တဲ့ အလုပ် မဟုတ်ဘူးလေ။ ကိုယ့်ဟာကိုယ် အဖြူရောင် အဝတ်အထည်လေးတွေ ဝတ်တာတို့၊ အဖြူရောင် အသုံး အဆောင်လေးတွေ သုံးတာတို့၊ နောက်တခါ အဖြူရောင်ပန်းတွေ ဘာတွေ လှူတာတို့ ဆိုတာက ဒါက ဥပဒေပြင်ပ မှာ ရောက်တဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ အဓိက ကတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေး အတွက် ဆောင်ရွက်တာဆိုတာလည်း လူတိုင်းက သိနေတယ်၊ အဲဒီတော့ လူတိုင်းကလည်း ပါဝင်ကြမှာပါ'

ဆက်လက်ပြီး ဦးသန်းအောင်က ဒီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်တင်မဟုတ်ပဲ ပြည်သူအားလုံးအတွက် ဖြစ်တဲ့အတွက် လူထုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။

ဦးသန်းအောင်။ ။'တရားဥပဒေ စိုးမိုးရေး တရားဥပဒေ စိုးမိုးရေး လို့ပြောနေတယ် ဒါပေမယ့်လို့ လုပ်ရပ်တွေက ကျတော့ ဘယ်လိုမှ တရားမျှတတဲ့ လုပ်ရပ်တွေကို ကျနော်တို့ မတွေ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မဟုတ် ဘူး၊ လူတိုင်းလူတိုင်းကိုလည်း အနိုင်ကျင့်တာတွေ နှိပ်စက်တာတွေ ခံနေရတယ်ဆိုတာ အားလုံးသိနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ့်တရားဥပဒေနဲ့အညီ လွတ်လပ်ခွင့်တွေ ရဖို့ လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့ တရားသဖြင့်သော ရပိုင်ခွင့်အတွက်တော့ ကိုယ်ထူကိုယ်ထနဲ့ ပါဝင်လုပ်ကိုင်ကြမှသာလျှင် တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံ ဖြစ်လာမယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က လူထုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အဖြူ ရောင် လှုပ်ရှားမှုမှသည် မိမိကိုယ်တိုင် လွတ်မြောက်ရေးပေါ့နော်၊ အဲဒီအထိ ကျနော်တို့က စဉ်းစားလာစေချင်တယ်။ ဒီလိုပဲ ပါဝင်ကြပါလို့ ကျနော်တို့ကတော့ မေတ္တာရပ်ခံချင်တယ်ပေါ့ဗျာ'

မိတ္ထီလာ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကလည်း ဈေးထဲမှာ အဖြူရောင်တွေဝတ်ပြီး လူထု ပူးပေါင်းပါဝင်ဖို့ လိုက်လံ စည်းရုံးခဲ့ကြပါတယ်။ ဒီ လှုပ်ရှားမှုတွေကို မန္တလေးတိုင်းအတွင်းက သာစည်၊ ဝမ်းတွင်းမြို့နယ် တဲစုရွာ၊ သဲတော၊ မေမြို့၊ မိုးကုတ်၊ သပိတ်ကျင်းနဲ့ ညောင်ဦး စတဲ့ မြို့တွေမှာလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Read More...

Friday, August 14, 2009

ic live in japan 2009

......... .........
video

Read More...

Wednesday, July 29, 2009

မြန်မာနိုင်ငံတွင်နိုင်ငံရေးအကြောင်းကိုကုံလုံပြည့်စုံစွာသိရှိနားလည်တတ်မြောက်သူမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်သည်


.........
ဗမာတွေဘယ်လိုစိတ်ဓါတ်နဲ့ အသက်ရှူတယ် ၊ဘယ်လို ဦးနှောက်နဲ့ တွေးခေါ်တယ်ဆိုတာကို နားအလည်ဆုံးလူဟာ ဘယ်သူပါလဲ? ဗိုလ်ချုပ်သန်းရွှေလို့ ပဲ ဖြေပါရစေ. တစ်ကိုယ်ကောင်းဆန်တဲ့ ဗမာ့စိတ် အရင်းရှင်ဆန်တဲ့ ဗမာ့ စိတ် ..မနာလိုမှု အားပြင်းထန်တဲ့ ဗမာ့စိတ် မညီညွတ်ဆုံးသောဗမာ့စိတ် ကြောက်တတ်သောဗမာ့စိတ် မိုက်ရူးရဲသောဗမာ့စိတ် မြှောက်ပေးရင်ကွေးနေအောင်ကသောဗမာ့စိတ် နောက်ကလိုက်နေရင်းမှရှေ့ ကဦးဆောင်သူကို တွန်းချလိုသောဗမာ့စိတ် ကောက်ကျစ်သောကျေးဇူးကန်းသောဗမာ့စိတ်၊ သွယ်ဝိုက်သော ဗမာ့စိတ် ငရဲကို ယတြာ ဖြင့် ပိတ်ချင်သောဗမာ့စိတ် ...စ သည် စသည် တို့ အား ကျမ်းကျေ နေသော ဗိုလ်ချုပ်သန်းရွှေသာလျှင် နိုင်ငံရေးအကြာင်းကို တတ်သိနားလည်သဖြင့် ဗမာနိုင်ငံကြီးကို အနှစ်၂၀ကြာ ငြိမ်ဝပ်ပိပြားစွာအေးအေးဆေးဆေးအုပ်ချုပ်နိုင်ခြင်းသည်ဟုယူဆရပါသည်....ဥပမာ (ဗမာ တွေစည်းလုံးလားမစည်းလုံးလားသိချင်ရင်ဂျပန်လာခဲ့ ဗမာ့ဒီမိုကရေစီလှုပ်ရှားသောအဖွဲ့ အစည်း ပေါင်း၃၀ကျော်တွေ့ ရမည်ဖြစ်သည် ....
NLDပေါင်းလဲမနည်း ကရင်ပေါင်းလည်းမနည်း ကချင်ပေါင်းလည်းမနည်း ဗမာပေါင်းလည်းမနည်း မနည်းမနည်း)တွေများလှပါဘိ...ထိုထိုမနည်းမနည်းချင်းလဲမတည့်ကြ..တစ်ချို့ သောခေါင်းဆောင်တစ်ချို့ ကပြောပါသည် အခြားအဖွဲ့ အစည်းများမှ NLDကိုဝိုင်းဝန်းကျပါစို့ တဲ့...ထိုစကားသည်တစ်ကယ်ဖြစ်ဖြစ်မဖြစ်တော့မသိ..NLDကိုဝိုင်းသလားဝန်းသလားဒါမှမဟုတ်အ၀ိုင်းအ၀န်းထဲကပဲဆွဲထုတ်နေကြသလားမပြောတတ်တော့ပေ........
.........

Read More...

ဂျပန်နိုင်ငံရှိ အဖွဲ့ လိုက်နိုင်ငံရေးလှုပ်ရှားမှုများ မှ အောင်လင်းနိုင်အနားယူပြီ

.........

.........
ဂျပန်နိုင်ငံတွင် စစ်အစိုးရအဖွဲ့ အစည်းပေါင်းစုံမှ နိုင်ငံရေးလှုပ်ရှားမှုပေါင်းစုံအား သတင်းရီပို့ တာ သတင်းဘလော့ကာ ဖြစ်သူ ကျွန်တော် မောင်အောင်လင်းနိုင်မှ လှုပ်ရှားမှုသတင်းဖြန့် ချိခြင်း ရိုက်ကူးတည်းဖြတ်ခြင်းများ ကို အကန့် အသတ်မဲ့ ရပ်တန့် လိုက်ကြောင်း ကြေငြာအပ်ပါသည်။အကြောင်းမှာ သတင်းရိုက်ကူးခြင်းလုပ်ငန်းများရိုက်ကူးနေစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ရေးရာလှုပ်ရှားနေသော နိုင်ငံရေးအဖွဲ့ အစည်းခေါင်းဆောင်အချို့ မှ ရိုက်ကူးမှုအား လူ့ အခွင့်အရေးကင်းမဲ့စွာတားမြစ်ခြင်း ၊ အင်တာဗျူးလုပ်သည်ကို မတူမတန်သလိုလုပ်ပြီးနှင်လွှတ်ခြင်းများကိုကြုံတွေ့ ရသဖြင့် ထိုထို လုပ်ငန်းများကိုပရဟိတလုပ်ဆောင်ခြင်းမှအနားယူပြီးလျှင် စစ်အစိုးရဆန့်ကျင်ခြင်းများအာဏာရှင် တိုက်ထုတ်ရေးဝါဒဖြန့် ချခြင်းများကို အနုပညာအားသက်သက်ဖြင့် လုပ်ဆောင်လျှက်ရှိပါကြောင်းအသိပေးအပ်ပါသည်....ထိုလုပ်ငန်းများအားကန့် ကွက်သူများရှိလာပါက မြန်မာပြည်သူတစ်ရပ်လုံးဧ။်လူ့ အခွင့်အရေးရန်သူအဖြစ်သတ်မှတ်ပြီး တတ်စွမ်းသမျှခြေမှုန်းတော့မည်ဖြစ်ပါသည်....အဖြစ်အပျက်အကြာင်းအရာအပြည့်အစုံသိလို ပါက မေးလ်ဖြင့်သော်လည်းကောင်း comment ပေးခြင်းဖြင့်သော်လည်းကောင်း မေးမြန်းနိုင်ပါသည် ..
ပုံ
အောင်လင်းနိုင်(အနုပညာဖြင့်အသက်မွေးသူ)

Read More...

short poem

.........

.........
မြင်မြင်သမျှကိုနားစွင့်....ကြားကြားသမျှကိုနှုတ်ပိတ်နေတာဘေးကင်းတယ်...
ပလတ်စတစ်နဲ့ လုပ်တဲ့ ငါ့ရင်ဘတ်ဟောင်းလောင်း...
လဲ....
အဲဒီ လေသေနတ်တွေပဲ ကြောက်နေရ လို့ ....
အသံကျယ်ကျယ်မထွက်နိုင်တော့....

Read More...

Sunday, May 31, 2009

အဖြူရောင်နှင့် စံပယ်လှုပ်ရှားမှု

31.5.09
သူငယ်ချင်း တို.
၂၀၀၉ ခုနှစ် ဇွန်လ၂ရက် အင်္ဂါနေ့မှစပြီး ဗမာပြည်သူလူထု၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးရက် ဇွန် ၁၉ ရက်ထိ စံပါယ်ကန်ပိန်း နှင့် အဖြူရောင်ကန်ပိန်းများ ပြုလုပ်ကြပါရန် လူငယ်ထုမှ စတင်လှုံ့ဆော်လိုက်သည်။

တိုင်းပြည်ပေါ်မှာ ဖြူဖြူစင်စင်တန်ဖိုးထားပြီး ပြသနာတွေကို ဖြူစင်စွာဖြေရှင်းဖို့
ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
အဲဒီအတွက်= အင်္ကျီအဖြူရောင်ဝတ်ပါ။

မတရားဖိနှိပ်ပြီး စံစားနေတာတွေ ဒီအချိန်မှာမဖြစ်သင့်တော့ဘူး။
မတရားအကျဉ်းကျ ခံစားနေရတာတွေကိုပစ်ပြီး တိုင်းပြည်နဲ့လူထုအကျပ်အတည်းများကို
ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်းအဖြေရှာပြီး ဖြေရှင်းဖို့
ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
အဲဒီအတွက်= စံပယ်ပန်းပန်၊ ရင်ဘတ်မှာထိုးပါ။



အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး၊ စံပါယ်ပန်းတွေကိုပန်ကြဖို့

စံပါယ်ပန်းတွေကို ဘုရားမှာကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့

ဆုတောင်းပွဲများ ပြုလုပ်ကြရန် အမှန်တရားလိုလားသောလူငယ်များမှမှ တိုက်တွန်းလိုက်သည်။

Read More...

Wednesday, May 27, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(၁၉)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(19) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်းကိုဂျပန်နိုင်ငံတိုကျို ရွက်ပုန်းဂီးမှ ဟီဘီယ ပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ ကြသည်။ဂျပန်နိုင်ငံတွင်မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားသောအဖွဲ့ အစည်းပေါင်း၃၀ကျော်ရှိသော်လည်းအဖွဲ့ အားလုံးစုံညီစွာတက်ရောက်ခြင်းမရှိပေ...NLD ဂျပန်နိုင်ငံဌာနခွဲ မှ ဂျပန်နိုင်ငံခြားရေးရုံးသို့ အချက်၎ချက်ပါတောင်းဆိုလွှာကိုပေးပို့ ခဲ့ကြောင်းသိရသည်....
၎င်းအချက်များမှာ
၁)မတရားဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ 
၂) ၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုတစ်နည်းနည်းနဲ့အကောင်အထည်ဖေါ်တဲ့လုပ်ငန်းတွေလုပ်ဆောင်လာအောင်ဂျပန်အစိုးရမှမြန်မာအစိုးရကိုတိုက်တွန်းပေးရန်
၃) ၂၀၀၈ ခုနှစ်အခြေခံဥပဒေကိုဒီမိုကရေစီစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့  ပြင်ဆင်ချက်တွေပြင်ဆင်ပေးဖို့ နိုင်ငံတစ်ကာကိုတိုက်တွန်းပေးရန်
၎) ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကိုဂျပန်အစိုးရမှလက်ပိုက်ကြည့်မနေဘဲ တရားမျှတအောင်ကူညီဆောင်ရွက်ပေးရန် တို့ ဖြစ်ပါတယ်
ခြုံငုံသုံးသပ်ချက်အရဆိုရင်တော့ ဂျပန်အစိုးရတင်မက နိုင်ငံတစ်ကာကပါ ပါဝင်ကြဖို့ သင့်နေပြီဖြစ်ပါတယ်
အာဖဂန် တို့ အီရန်တို့ အရေးလို ပဲ မြန်မာ့အရေးကိုလဲ နိုင်ငံတစ်ကာက လေးလေးနက်နက် ပါဝင်ဖို့ သင့်နေပါပြီ
ပြည်တွင်းမှမြန်မာလူမျိုးတွေဘယ်လိုပင်စိတ်ဓါတ်တက်ကြွစေကာမူ စစ်အစိုးရရဲ့ လက်မရွံ့ရက်စက်မှုကိုတော့ကျော်လွှားနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်ငြိမ်းချမ်းစွာဆန္ဒပြတာကို ပါးစပ်နဲ့ ချီးမွမ်းနေမဲ့အစား လက်နက်ကိုင်အစိုးရကို လက်နက်နဲ့ နှိမ် နင်းပေးဖို့ အချိန်တန်ပါပြီ။ဒီလိုစစ်ဖြစ်လို့ သေရတာဟာစစ်အစိုးရရဲ့ လူ့ အခွင့်အရေးလုပ်ကြံ မှုကြီးကြောင့် ဘ၀သေရတာထက်မြတ်တယ်လို့ ယူဆပါတယ်.....ကဲ ကြယ်တွေမကြွေတော့ဘူးဟေ့ ကြွေခဲ့ရင်လဲမိုးပေါ်ပြန်ခုန်တက်ကြစို့ 

Read More...

ဂျပန်နိုင်ငံရောက်ကရင်အမျိုးသားကိုယ်စားလှယ်ဦးစောမျိုးခိုင်ရှင်း


27.5.2009 NLD ရွေးကောက်ပွဲအနိုင်ရခြင်း(၁၉)နှစ်ပြည့်နှစ်ပတ်လည်ချီတက်ဆန္ဒပြပွဲတွင်တက်ကြွစွာကြွေးကြော်ဆန္ဒပြနေသောဦးစောမျိုးခိုင်ရှင်း









ဦးစောမျိုးခိုင်ရှင်းနှင့် dream angel ရဲ့ Contributor တစ်ဦးဖြစ်သူ အောင်လင်းနိုင် ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးရုံးရှေ့ တွင်အမှတ်တယ

အမှန်တစ်ကယ်ရိုးသားပြီးပွင့်လင်းတဲ့၊တိုင်းပြည်ကိုတစ်ကယ်ချစ်တဲ့၊လူမျိုးကိုတစ်ကယ်ချစ်တဲ့လူကြီးတစ်ယောက်ပါ....
အမျိုးသားရေးကိုတက်တက်ကြွကြွဆောင်ရွက်တတ်သူကရင်အမျိုးသားကြီးတစ်ယောက်ပါ....
သူဟာဂျပန်မှာအမျိုးသားရေးအတွက်ဆန္ဒပြပွဲတွေရှိတဲ့အခါပျက်ကွက်ခြင်းမရှိရှေ့ဆုံးမှဦးဆောင်ဆန္ဒပြပါတယ်.....ဆန္ဒပြပွဲပြီးတဲ့အခါအများသူငှာကိုင်ဆောင်ထားတဲ့ ဘုတ်တွေ ကိုင်ပြီးရထားမစီးဘဲ၂ ဘူတာလောက်ကိုလမ်းလျှောက်ပါတယ်...သူ ကိုယ်တိုင်အလုပ်သွားတဲ့အခါ တစ်ခြားသွားစရာရှိတဲ့ အခါ(ဥပမာ- လ၀က သွားတဲ့အခါ ရှီနာဂါဝါမှ လ၀ကရုံးအထိ ဘတ်စ်ကားမစီးဘဲ လမ်းလျှောက်ပါတယ်)လမ်းလျှောက်သွားလို့ ရမဲ့ လမ်းကို လမ်းလျှောက်သွားပါတယ်။အဲဒီလို အပင်ပန်းခံအနစ်နာခံပြီးsafe ဖြစ်လာတဲ့ပိုက်ဆံတွေကို ကိုယ်ရေးကိုယ်တာအတွက်သုံးတာမဟုတ်ဘဲ knu ကိုလှူတာပါပဲ။တိုင်းပြည်အတွက်လက်တွန့် ခြင်းမရှိလှူတာပါပဲ....
ဒါက ကျွန်တော်ရဲ့ personaly ဂုဏ်ပြုခြင်းပါ...
ကိုစောမျိုးခိုင်ရှင်းတစ်ယောက် စိတ်သွားတိုင်းကိုယ်ပါလို့  မှန်းရာပန်းတိုင်ထိလျှောက်လှမ်းနိုင်ပါစေကြောင်း
DREAM ANGEL အဖွဲ့ သားများမှ ဆုမွန်ကောင်းတောင်းလျှက်

Read More...

Tuesday, May 26, 2009

24.5.2009 let aung san suu kyi free part 1

၂၄.၅.၂၀၀၉ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးချင်းမှ လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများက တိုကျို အဲဘိစု မြို့ မှ ဆန်းဒဂါရ အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။စစ်အစိုးရဧ။်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ နိုင်ငံခြားသားဧည့်သည်ကို ၀င်ခွင့်ပေးသည်ဆိုသောလုပ်ကြံဇာတ်လမ်းကို ဂျပန်ရောက်မြန်မာပြည်သူတို့ ကသရုပ်ဖော်(performance)များလည်းပြုလုပ်ရှတ်ချခဲ့ကြသည်။


http://www.youtube.com/watch?v=_eqcxYn3IIs

Read More...

ဂျပန်ရောက်သီးလေးသီးအငြိမ့်ဖျော်ဖြေပွဲ

7.9.2008 sunday kokaido hall , ikebukuro tokyo (the second time of thee lay thee in japan)

ဂျပန်ရောက်သီးလေးသီးအငြိမ့်ဖျော်ဖြေပွဲ

သီးလေးသီးအဖွဲ့ ဂျပန်ရောက်ခြင်းမှာဒုတိယအကြိမ်ဖြစ်ပြီးပထမအကြိမ်လောက်ပရိတ်သတ်များခြင်းမရှိ....

ပျက်လုံးများမှာလဲသွယ်ဝိုက်သောပျက်လုံးမျိုးမဟုတ်ပဲတိုက်ရိုက်အသုံးအနှုန်းများအသုံးပြုသဖြင့်မှန်းထား

သလောက်ထိမိခြင်းမရှိ...

သို့ သော်မြန်မာနိုင်ငံလက်ရှိစစ်အစိုးရအပေါ် တိုက်ရိုက်နှိပ်ကွပ်ထားသဖြင့် သီးလေးသီးကျိုးပမ်းမှုကိုအသိအမှတ်ပြုကြပါသည်...

ယခုပွဲမှာ သီးလေးသီးဧ။်ဂိုဏ်ချုပ် ဇာဂနာ ထောင်သွင်းအကျဉ်းချခံထားရသဖြင့် ပျက်လုံးအဆန်းများ ထပ်မထုတ်နိုင် ဟုကောက်ချက်ချကြသည်။http://www.viddler.com/explore/TheeLayThee/videos/13/

Read More...

Sunday, May 24, 2009

25.5.2009 let free aung san suu kyi part 1

၂၄.၅.၂၀၀၉ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးချင်းမှ လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများက တိုကျို အဲဘိစု မြို့ မှ ဆန်းဒဂါရ အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။စစ်အစိုးရဧ။်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ နိုင်ငံခြားသားဧည့်သည်ကို ၀င်ခွင့်ပေးသည်ဆိုသောလုပ်ကြံဇာတ်လမ်းကို ဂျပန်ရောက်မြန်မာပြည်သူတို့ ကသရုပ်ဖော်(performance)များလည်းပြုလုပ်ရှတ်ချခဲ့ကြသည်။

http://www.youtube.com/watch?v=_eqcxYn3IIs

Read More...

Saturday, May 23, 2009

ပြည်ပရောက်မြန်မာအမျိုးသားတို့ သင်တို့ ဧ။်စီ်းပွားများတစ်နေ့ တစ်ခြားတိုးပွားအောင်ကြိုးစား နေကြသကဲ့သို့ မြန်မာ့အရေးကိုလဲကြိုးစားကြပါ..ကူညီကြပါ....ပြည်ပရောက်မြန်မာအချင်းချင်း နှိပ်စက်ဖို့ ရန်ဖြစ်ဖို့ စဉ်းစားမနေကြပါနဲ့ အသိညဏ်ရှိကြပါ.....
နိုင်ငံတစ်ကာမှနိုင်ငံခေါင်းဆောင်များ မြန်မာ့အရေးကိုသာမညအရေးလောက်သာသဘောထားခြင်းမှာအဘယ့်ကြောင့်နည်း.....



ဤသို့ အော်ဟစ်နေရုံဖြင့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းကိုအထောက်အပံ့ပြုနိုင်မည်လော.....


သည်သို့ ဤသို့ ဘုတ်ထောင်ဆန္ဒပြနေရုံဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကလွတ်လပ်ခွင့်ပေးမည်လော.....
posted by aung lin naing

Read More...

Thursday, May 21, 2009

ရွှေဝါရောင်တော်လှန်ရေး ၁နှစ်ပြည့်အထိမ်းအမှတ် သီးလေးသီး အငြိမ့်ဖျော်ဖြေပွဲ




http://www.viddler.com/explore/TheeLayThee/videos/10/.........
ရွှေဝါရောင်တော်လှန်ရေးတစ်နှစ်ပြည့်အမှတ်တစ်ယဖျော်ဖြေပွဲကို ပရိတ်သတ်များအလွယ်တစ်ကူကြည့်ရှုနိုင်ရန်
link လုပ်ပေးထားပါသည်။
ရက်စက်သော ကြမ်းကြုတ်သော မတရားသော ဥပဒေကင်းမဲ့သော မြန်မာနိုင်ငံစစ်အစိုးရဧ။် လုပ်ရပ်များကို ထိထိမိမိ ထိုးနှက် ပျက်ရယ်ထားသော အငြိမ့် ....ရှုစားတော်မူ....
လေးစားလျှက်
အောင်လင်းနိုင်


Read More...

Wednesday, May 20, 2009

15.5.2009 voice for free aung san suu kyi part 2

video

Read More...

Tuesday, May 19, 2009

15.5.2009 voice for free aung san suu kyi part 1

15.5.2009 ဂျပန်နိုင်ငံ တိုကျို ရှီနာဂါဝါရှိ မြန်မာသံရုံးရှေ့ တွင် မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားသူများ မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတပ်ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန် တောင်းဆို ဆန္ဒပြနေကြစဉ်..... ၄င်း တောင်းဆိုမှုကို ယခုအပတ် ကြာသာပတေး 22.5.2009 အထိ မြန်မာအခွန်ရုံးများရှေ့ တွင်တောင်းဆို ဆန္ဒပြမှုများကိုပြုလုပ်သွားမည်ဟုသိရသည်။ ယနေ့  20.5.2009 အင်္ဂါနေ့ အထိ အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်းမရှိ.... မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှလည်းမည်သည့် တိကျသည့်သတင်းမျှထုတ်ပြန်ခြင်းမရှိသေး.... နိုင်ငံတစ်ကာအစိုးရများမှ ၀ိုင်းဝန်ကူညီကြရန်တောင်းဆို......
video

Read More...